ကြားလိုက်ရပြန်ပြီ။
နှစ်ချို့နေတဲ့ ပါးစပ်ရာဇဝင်လေးတစ်ပုဒ်ကို
အဖြူအစိမ်းဝတ်ပြီး လွမ်းနေရတုန်း
ပုံနှိပ်စာအုပ်မေ့ခဲ့တဲ့ လွယ်အိတ်တစ်လုံးလို
အသုံးမကျစွာ ပြုံးပြခဲ့...
အို.... မိုးရေစက်တို့ နှင်းစက်တို့
ငါတို့ရဲ့ ကျောင်းတက်ချိန်လေးကို
ပြန်လာခေါ်ပါ။
မင်းနဲ့ တစ်ခုံတည်း ထိုင်ဖူးတာလေ သူငယ်ချင်း
အတန်းထဲမှာ ငါ စာမတော်ဘူး
ကျွန်တော့်ကို ရိုက်ဖူးတယ်လေ ဆရာမ
ကျွန်တော် ကျောင်းမှန်မှန်မတက်ဘူး
သစ်ရွက်တွေကလဲ နှစ်တိုင်းကြွေတော့
ဘယ်သူမှ မသိကြတော့ဘူး။
ငါတို့ကျောင်းက ခေါင်းလောင်းသံကို
ကြားလိုက်ရပြန်ပြီ။
လက်ဝဲ
သတိရသွားပြီး ကျောင်းသားဘဝ
ReplyDeleteအားပေးခဲ့ပါကြောင်း
အားပေးသွားပါတယ် ဟဲဟဲ
ReplyDelete