Mar 1, 2012

ငါးထောင်တန် ဖုန်းအပေါ် ဘလော့ဂါတို့ အမြင် (တဂ်ပို့စ်)

အမ အိန်ဂျယ်လှိုင် တဂ်ပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပက်သက်လို့ အများကြီး ပြောစရာ ရှိတယ်။ ပြောချင်ပါတယ်။ ပြောပါ့မယ်။ ငါးထောင်တန် ဆင်းမ် ကဒ် နဲ့ ပက်သက်လို့ ဂယက်ထလိုက်တဲ့ အချိန်က စလို့ ပြည်သူတွေ မျှော်လင့်လိုက်ရတာ.။ လူတွေ က မျှော်လင့်ချက်နဲ့ အသက်ရှင်ရတယ် ဆိုတာ မြန်မာပြည်မှာ တယ်မှန်သကိုးဗျ။ ဆင်းရဲမှု ပပျောက်ရေးဆိုလဲ မျှော်လင့်ရ၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုလဲ မျှော်လင့်ရ၊ ကော်နက်ရှင်တွေ ကောင်းတော့မယ် ဆိုလဲ မျှော်လင့်ရ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မယ် ဆိုလဲ မျှော်လင့်ရ၊ ခု လာပြန်ပြီ။ ကျွန်တော်တို့ မျှော်လင့်ခဲ့ရပေါင်းလဲ များပါပြီ။ ဟုတ်။ ဆက်ပြီးမျှော်လင့်ကြတာပေါ့။ 

ခု ကျွန်တော် စပြီး မေးခွန်းဖြေပါ့မယ်။ ကျွန်တော် ဖြေတဲ့ အဖြေတွေ ဟာ ဘလော့ဂါ အားလုံးဖြေထားတဲ့ မေးခွန်းတွေနဲ့ ကြောင်းတူ သံကွဲပါပဲ။ ဒါပါပဲ။ ကျွန်တော်လဲ အောက်ခြေလူတန်းစား တစ်ယောက်မို့ မျှော်လင့်မိတာပေါ့။ 
ကြို တောင်းပန်ပါရစေ။ အောက်က မေးခွန်းတွေကို ကျွန်တော့် ရင်ထဲမှာ ရှိတဲ့ အတိုင်း ဖြေမှာမလို့ ကျွန်တော့် စကားထဲမှာ အမှားပါရင်.. ရိုင်းသွားတာပါရင်.. တစ်ဆိတ် ခွင့်လွှတ်ကြပါခင်ဗျာ။
 
 
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ထားပါတော့ တစ်သိန်းရှစ်သောင်းပဲ ထားတော့ .။ ကျွန်တော် မတတ်နိုင်ပါဘူး။ အဲဒီအတွက် ဒီ တစ်သိန်းရှစ်သောင်းတန်ဖုန်းက တန်ဖိုးနည်း ဖုန်းလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ (တန်ဖိုးနည်းဖုန်းလို့ သုံးစွဲနေကြတယ်နော်)..။ တကယ်က တန်ဖိုးနည်းဖုန်း နဲ့ တန်ဖိုးများဖုန်း ဆိုပြီး နှစ်မျိုးရှိမနေသင့်ဘူးဗျ။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ဆန္ဒပြနေကြတယ်လို့ မြင်ပါတယ်။ ပြည်သူတွေ ရဲ့ ဆန္ဒကို အစိုးရမြင်အောင် ပြနေကြတာပဲလေ။ ဒါကလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဆန္ဒပြတယ် ဆိုတဲ့ နေရာမှာ.. ပြည်သူလူထု တစ်ရပ် အကျိုးရှိစေမယ့် အရာတစ်ခု ရှိနေမယ်။ အစိုးရက (မသိလို့ဖြစ်စေ သိသိကြီးနဲ့ ဖြစ်စေ) မျက်နှာလွှဲထားတဲ့အခြေအနေမှာ  သိအောင် ပြဖို့ကို လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အားပေးပါတယ်။ လုပ်ပိုင်ခွင့် မရှိတဲ့ သူတွေက လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို လုပ်စေချင်လို့ ဖင်တွန်းတဲ့ သဘောပါ။ ကောင်းပါတယ်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါကလဲ အထက်က အကြောင်းအရာ နဲ့ အလားတူ ပါပဲ။ ဒီတစ်ခုက ပိုပြီး ထိရောက်ပါတယ်။ လွှတ်တော်နဲ့ တိုက်ရိုက်ထိတွေ့ရတယ် ဆိုတာကိုး။ ဒီနေရာမှာ တစ်ခုခု ထူးခြားလာရပါမယ်။ လွှတ်တော် ကို ရောက်ပြီ ဆိုတာနဲ့ အစိုးရက သိသွားပြီ ဖြစ်တဲ့အတွက် စဉ်းစားသင့်ပါပြီ။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တ တဲ့ (ဖြစ်လဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ) ကို တိုက်ရိုက်တောင်းဆိုတာတောင် ဘာမှ ထူးခြားမလာဘူး ဆိုရင် ပြည်သူ့ အစိုးရ ကို ပြည်သူတွေ အားကိုးချင်စိတ် ပျောက်သွားနိုင်ပါတယ်။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဝဲလ်ကမ်းပါ။ လုပ်ပြီ ဆိုရင်လဲ နိုင်ငံတစ်ဝှမ်း မှာ.. တပြေးညီ ဝန်ဆောင်မှုပေးနိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါတယ်။ ငါးထောင်တန်ဖုန်းဟေ့.. နေပြည်တော် ရန်ကုန် မှာ.. ဆိုရင်လဲ မဟုတ်သေးပါဘူး။ တစ်သိန်းရှစ်သောင်းတန် ကိုင်တဲ့ လူတန်းစား တွေ နေပြည်တော် ရန်ကုန် မှာ အများကြီးရှိမှာပါ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
 
အခု ငါးထောင်တန်ဖုန်း သုံးစွဲနိုင်ရေး အမြန်ဆုံး ကြိုးပမ်းမယ် လို့ သမ္မတကြီးက ကတိပေးလိုက်တယ် လို့ ဆိုပါတယ်။ အဲဒီအတွက် ဝမ်းသာပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ပြည်သူလူထု ဆိုတာ မျှော်လင့်ရုံပဲ မျှော်လင့်လို့ ရတာပါ။ လူတစ်ယောက်ဟာ သူ့ မျှော်လင့်ချက်တွေကို သတ်ပစ်ခံရပါများရင် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ နောက်ဆုံး သူ ရူးသွားတဲ့ ထိ ဖြစ်နိုင်တာမို့.... 
နိုင်ငံတော် သမ္မတကြီး ခင်ဗျာ.. ငါးထောင်တန်ဖုန်း ဆိုတာ အကောင်အထည်မပေါ်လာရင် မြန်မာနိုင်ငံဟာ အရူးတွေ နေတဲ့ တိုင်းပြည် တစ်ခု မဖြစ်လာနိုင်ဘူး လို့ သမ္မတကြီး ပြောနိုင်ပါသလား ခင်ဗျာ.။


လေးစားလျက်
လက်ဝဲ

6 comments:

  1. အန်.....ငါ့လူရာ.....မင်းပြောမှပဲ ငါတို့တွေလည်း အရူးကြီးလုံးလုံးဖြစ်ရကိန်းပါလားဟာ...၊ကဲ သမ္မတ
    ကြီးရေ....အရူးတိုင်းပြည်မှာ သမ္မတမဖြစ်ချင်ရင်တော့ ငါးထောင်တန်ဖုံးကိုမြန်မြန်သာအကောင်အထည်
    ဖော်ပေတော့ဗျိုးးးးးးးးးးးးးး:)))))

    ReplyDelete
  2. ပြတ်သားပုံကတော့ ဘယ်သူမှလိုက်လို့မမှီဘူး လက်ဝဲရေး)
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဟုတ်တယ် လက်ဝဲရေ..သမ္မတကြိးရဲ့ စကားသတင်းအဖြစ်ကြားရတော့ ပျော်လိုက်တာမှ အရမ်းပဲ..လက်တွေ့ အကောင်ထည်ဖော်ဖို့ပဲ ကျန်တော့တယ်.......:):)

    ReplyDelete
  4. ဟိုက် အဖြေတွေက ပြတ်သားလိုက်တာ

    ReplyDelete
  5. တဂ်ပို့ စ်လေး လာဖတ်သွားတယ်ဗျို့ 

    ReplyDelete
  6. ၅၀၀၀ ကျပ်ထက်မပိုတဲ့တန်ဖိုးနည်း တယ်လီဖုန်းလိုင်း အမြန်ဖြစ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့

    https://www.facebook.com/5000SimCard

    ReplyDelete