မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
သံယောဇဉ်တွေအတွက်
တိုက်မြင့်ပေါ်တွေ တက်ခဲ့
ဒါဟာ ငါ့ရဲ့ “နေ့တွက်” ဖြစ်တယ်။
ပန်းရံဆိုလဲ ဟုတ်၊
လက်သမားဆိုလဲ ဟုတ်၊
သူများအိမ်မှာ ပန်းကနုတ်တွေတွဲ
ငါတို့အိမ်လေး အဖီဆွဲရလိမ့်ဦးမယ်။
သမီးဖိနပ်၊ သားမုန့်ဖိုး
မိန်းမ ချက်မဲ့ ညစာဟာ..
ငါသယ်နေတဲ့ အုတ်ခဲပုံထဲမှာ ရှိရဲ့
ဒီလိုပဲ...
ငါ့ချွေးသီးချွေးပေါက်တွေ မွန်းတည့်လွန်းလှချည့်။
မိသားစု “ဇော” က ပေးတဲ့ ခွန်အား
သူတို့ သက်ပြင်းချသံ တိုးတိုးလေး ကြားချိန်မှာ
ပြန်လည် စွန့်ကြဲ ပေးသနားဖို့ တောင်းဆို...
အို... ငါ အမောဖောက်ပြီဆို
သူတို့ ခေါင်မိုးလေး မိုးယိုတော့မယ်။
အိပ်ယာထက်မှာ...
ငါ/ မပြီးမြောက်တဲ့ နိယာမ
မီးဖိုချောင် ထကြည့်
ခြေထောက်ဗလာနဲ့ သမီး
မုန့်စားချင်တဲ့ သား။
သံလျက်တန်းလန်းနဲ့ အင်္ဂတေ
ရေပေါ်မထိုးရသေးတဲ့ ပျဉ်ချပ်
ဆေးခန်းမသွားနိုင်သေးတဲ့ ငါ
အားလုံးဟာ.. ငါ့အတွက်
မပျောက်သေးတဲ့ ရောဂါ။
အိမ်ထဲမှာ..
မီးဖိုးချောင်ထဲမှာ..
လက်ထဲမှာ...
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
ဒါ................
မိသားစုအတွက် “နေ့တွက်” ဖြစ်တယ်။ ။
လက်ဝဲ
'နေ့တွက်'ကဗျာလေးက ထက်လှချည်လား လက်ဝဲရေ။
ReplyDeleteအမြဲအားပေးလျက်ပါကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
လက်လုပ်လက်စား တစ်ယောက်ရဲ့ နေ့ စား ဘဝလေးကို ထုဆစ်သွားတာ ပီပြင်လိုက်တာဗျာ... လာလည်စာဖတ်ရင်း လင့်ပါယူသွားပါတယ်...
ReplyDeleteကဗျာလေး အရမ်းကောင်းတယ် လက်ဝဲရေ
ReplyDeleteတနေ့လုပ်တနေ့စား လူတန်းစားတစ်ယောက်ရဲ့ဘ၀ကိုဖော်တတ်တာ
ReplyDeleteစာသားအရမ်းကောင်းတယ်
အမ မအားနေလို့နော် ခုအကြွေးတွေလာဆပ်နေတာလေ
ခင်မင်တဲ့ sis jasmine
မွန်းကြပ်နေတဲ့ အငွေ့အသက်နဲ့အတူ
ReplyDeleteရင်မောစွာနဲ့ ဖတ်ဖြစ်လိုက်တယ်....။