Mar 13, 2012

ဓါတ်ပုံ



တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။

တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။

နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ

ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။

ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။

ဖျတ်..။    ။

လက်ဝဲ

8 comments:

  1. နတ်ဆိုးလေးရေ.....ရင်ထဲကို ထိတဲ့ကဗျာလေး....ကြိုက်၏။

    ReplyDelete
  2. အိုင်ဒီယာလေးကောင်းတယ် နတ်နတ်ရေ။
    ဘဝတစ်ကွေ့ဆုံတွေ့ကြတဲ့သူတို့ကလေးတွေ
    တစ်နေ့တော့ခေါင်းစဉ်အမျိုးမျိုးနဲ့ဝေးကြရအုံးမှာပါလားနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အဓိပ္ပါယ် အလွန်ရှိသော ကဗျာလေးပါလား
    ဓာတ်ပုံတစ်ပုံကို ခံစားပြီးရေးဖွဲ့သွားတာ သံဝေဂလေးတွေပါ ပါတာမို့ အလွန်ကောင်းတဲ့ ကဗျာလေးပါ

    ReplyDelete
  4. အရမ်းကို ပြီးပြည့်စုံတဲ့ ကဗျာလေးပါလား

    ReplyDelete
  5. အတွေးလေးတွေကောင်းလှချည်လား.. ညီလေးရာ.. ဘယ်လိုများ..ရေးလိုက်တာပါလိမ့်..

    ReplyDelete
  6. ဓာတ်ပုံတွေက အမှတ်တရတွေပါပဲ..အိုင်ဒီယာ ကောင်းတယ်

    ReplyDelete
  7. အတွေးကောင်းတဲ့ကဗျာလေးပါအကို....ဓာတ်ပုံတစ်ပုံနဲ့တင် အမှန်တရားတွေကိုထုတ်ဖော်ပြနိုင်အောင်ရေးသွားတာ လေးစားစရာပါအကို ကျွန်တော့ဘလော့ကိုလဲ လာလည်ပါအုန်းနော် www.wisdomlife7.blogspot.com

    ReplyDelete
  8. အရင်... အရင်က သူငယ်ချင်းတွေကို တသသ လွမ်းစေတဲ့ ကဗျာကောင်းတစ်ပုဒ်။

    ReplyDelete