စကားပင်အိုကြီးပေါ်က နောက်ဆုံးအပွင့်လဲ ကြွေပြီ
သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
ရည်ရွယ်ချက်ရှိရှိ ခရီးနှင်နေရဲ့။
ရှစ်မျက်နှာဘုရား အင်္ဂါထောင့်က ဖယောင်းမီးလဲ ငြိမ်းပြီ
ဇရပ်ပေါ်က ပုတီးစိပ်နေတဲ့ ဥပုသ်သည် လဲ ပြန်ပြီ
ဝိဥာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း
အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။
နောက်အကျဆုံး အိမ်ဆိုင်လေးလဲ ပိတ်ပြီ
ခေါင်းပေါ်က ဓါတ်တိုင်မီးလဲ ပျက်သွားပြီ
ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။
ကြယ်ကြွေပြီ
လ တိမ်ဖုံးပြီ
ခေါင်မိုးမှာ ဇီးကွက်နားပြီ
ဒင်းကလေးခမျာ
ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့
ကမ္ဘာနဲ့ ဝိဥာဉ်နဲ့ ပြဌာန်းစာအုပ်တွေနဲ့
သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ်
ညတိုင်း ညတိုင်း နက်ဖြန်ခါ တစ်ခွက် တစ်ခွက် မှာမှာ သောက်တယ်
မအိပ်ဘူုး... မငိုက်ဘူး။
သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင်သီချင်းအယ်လ်ဘမ်
နောက်ဆုံးအပုဒ်လဲ ပြီးသွားပြီ။ ။
လက်ဝဲ
''ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
ReplyDeleteတခုတ်တရ ပြုစုပျိုးထောင်နေရဲ့။''
ပြုစုပျိုးထောင်ပေးနိုင်မယ့် ခြေတစ်စုံကို အမြဲ ပိုင်ဆိုင်ချင်ပါတယ်.။
ခင်မင်လျက်
အမသဒ္ဓါ
မောင်ထော်ဦးပြောသလို 'ကိုလက်ဝဲကို မနာလိုဘူး' လို့တော့မပြောတော့ဘူး လူကြီးဖြစ်နေလို့း))
ReplyDeleteအတွေးကောင်းအရေးကောင်းပါရမီရှင်လေးကို အားကျမိတာတော့အမှန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်