May 18, 2013

သူ့နာမည်လေးကို တမ်းတပြီး မရေးရက်ခဲ့ဘူးကွယ်


ကိုယ့် အာရုံတံတိုင်းကို ပန်းစူးစူးတွေ ဝင်စိုက်တယ်
ဝင်လာတုန်းက အတိုင်း ပြန်ထွက်သွားတဲ့ အတွေးရိုင်းရိုင်းတွေက
ကိုယ့်ကို တံတွေးခွက်ထဲမှာ မျှောလိုက်ကြတယ်
ကိုယ့်မျက်နှာကိုယ် ခြေထောက်နဲ့ နင်းပြီး ဝှက်ထားရတော့မလို..
အရင်လို မဟုတ်တော့တဲ့ ဘာသာစကားတွေက
ကိုယ့်ကို လာပြီး အထေ့ထေ့အငေါ့ငေါ့တွေ လုပ်ပြနေတယ်..။

သွားပြီ......................
ဘယ်နားကို သွားပြီး နောက်တစ်ခေါက် စွန်းပေနေပါသလဲ...
ဘယ်လို အချိန်မျိုးတွေမှာ..
ကိုယ့်ကို နာနာကြည်းကြည်း တောက်ခေါက်နေပါသလဲ..။

သေဆုံးပျောက်ကွယ်လု ဆဲဆဲ အချစ်က
အသက်ငင်နေသေးသလား
ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသေးလား...
ဒရစ်(ပ်) ပိုက်တွေ အကြောပေါင်းစုံထဲထည့်ပြီး..
နှလုံးခုန်သံ ပြန်နားထောင်ဖို့ ကြိုးစားနေသေးသလား..
ဒါမှမဟုတ်
အသက်ကို တစ်မျှင်ချင်းဆွဲထုတ်ပြီး..
သတ် သေ နေသလား..။

ကိုယ့်မှာတော့ လမ်းလျှောက်ရင်းလဲသေ အိပ်ရင်းလဲ သေ..
အသက်ရှူရင်းနဲ့လဲ... သေ (ရှင်သန်ရင်းလဲ သေမြဲ သေဆဲပဲ)
ဝင်္ကပါတစ်ခုလိုပဲ... ရှုပ်ထွေးဆန်းပြားလှပါတယ်လေ...
မတိုးဝင်ခဲ့ချင်စမ်းပါနဲ့... (ဟင့်အင်း ... သွားပါကွယ်...)။

နော်.... တို့တွေ.......
အို.......... ကြည့်စမ်း
ဒီအချိန်မှာ..
ငါ.........
ဘာစကားကို အပြောသင့်ဆုံးပါလိမ့်...
(ခက်တယ်ကွယ်)။ ။



-လက်ဝဲ-

1 comment:

  1. နာ မည် လေး တောင်တမ်း တ ပြီး မရေး ရက် ခဲ့  ဘူး ဆို ပါ့ရော :)

    ReplyDelete