May 28, 2013

စင်သီယာ အနေအထိုင် မတတ်တဲ့ ကိစ္စ

ကိုယ့်မျက်လုံးထဲမှာ.. ဒီည မင်းက
 ဖန်စီ အလှဆင်ပစ္စည်းတွေ တစ်ချွင်ချွင်မြည်ပြီး
 စပေါ့လိုက်ထ်တွေ တစ်ဖျက်ဖျက် လက်နေတဲ့
 ကဗျာတစ်ပုဒ်ပဲ..
ကိုယ် သိပ် အာရုံနောက်တယ်.. စင်သီယာ။

သိပ်လှတဲ့ ကကြိုးတွေနဲ့ မင်း တိုင်ဖက်ကနေတာလား
ဒါမှမဟုတ်
ဖန်ခွက်ချင်း ဂွပ်ကနဲ ထိပြီး ပြီတီတီ အပြုံးတွေနဲ့
ရေပေါ်ဆီ လူတွေကို သောက်သောက်ပစ်နေတာလား
မင်းအတွက် ရင်မောလိုက်တာ စင်သီယာ။

မင်းဟာ ဆေးလိပ်ပြာလား..
ဆေးလိပ်ပြာလိုပဲ.. မီးစလေးရဲ့ ထိပ်မှာ..
အိတွဲတွဲလေး ကပ်ပါနေတာလား..
မင်းဆီက ပြိုးပြိုးပျက်ပျက် အနံ့တွေကို
ကိုယ်မကြိုက်ဘူး စင်သီယာ
မင်း မလာနဲ့.. ကိုယ့်နား မကပ်နဲ့။

မင်း စကတ်တိုလေးကို မသိမသာ ငေးနေကြတယ်
မင်း စကတ်တိုလေးကို မသိမသာ လှစ်ဟပြနေတယ်
တကယ်တော့ Dancing Floor ဆိုတာ.. ကျဉ်းကျဉ်းလေး..
အဲ့မှာ မင်းက လှည့်ပတ် ပြေးနေတယ်..
မင်းစကတ်က တိုတိုလေး .. စင်သီယာ
သတိလဲထားဦး။

မင်းရဲရဲနီအောင် ဆိုးထားတဲ့
နှုတ်ခမ်းလွှာတွေက ကလူကျီစယ်သလား
မင်း ရင်သားတွေကို ထိကပ်ထားတဲ့ သူ့ လက်တွေက ဘာတွေလဲ
သူ့ပေါင်ပေါ် တစ်ခြမ်းတင်ထားတဲ့ မင်းတင်ပါးကရော..
ကိုယ်... သဝန်တိုတာ မဟုတ်ဘူး စင်သီယာ..
ကိုယ်...
မင်း စကတ်လေး တိုနေလို့
ရင်ခုန်တာ၊
မင်းနှုတ်ခမ်းနီတွေ ပျက်ကုန်လို့
စိုးရိမ်တာ။ ။




လက်ဝဲ

2 comments:

  1. ဟားးးးးးးးးးး လန်းတယ် ချာလက်ဝဲရ...
    မိုက်စ် :) အဲ့လိုဆင်ဆင် ကဗျာလေး မိုးနတ်ရေးချင်နေတာ
    အာရုံမရသေးလို့...ခု ၀ဲဝဲ ရေးသွားတာလေးက ပိုလှတယ်..:)))
    ဘယ်လိုပြောမလဲ ယောကျာ်းလေးအမြင် ယောကျာ်းလေးခံစားချက်
    ဆိုတော့ ဖတ်ရတဲ့သူအနေနဲ့ ပိုအသက်ဝင် ပိုရင်ခုန်ချင်စရာကောင်းတယ်...:)
    ကိုယ်ရေးပြချင်တာတွေ အားလုံးပါသွားတယ် ၀ဲဝဲရေ ...ကျေးဇူးပါ :)
    ခင်တဲ့.....မိုးနတ်

    ReplyDelete
  2. ပန်းအိJune 1, 2013 at 9:33 AM

    ကဗျာလေး ဖတ်သွားတယ်နော် :)

    ReplyDelete