ကြယ်တွေကို ဆိုပြတဲ့ သီချင်းနဲ့
တေးတွေကို လင်းပြတဲ့ လရောင်ချို
ကိုယ်တို့ နှစ်ယောက်က
ဝလုံးလိုလို သုညလိုလိုနဲ့
ခုံးဝန်း ညီညာချင်ကြတဲ့ သူတွေ။
တစ်ယောက်ကပြောရင်
တစ်ယောက်ကနားထောင်
မကြားချင်ယောင်ဆောင်ခဲ့တဲ့
တို့ နှစ်ယောက်ရဲ့ရင်တွင်းစကား
အဖြေရှာကြည့်စရာတောင်မလိုတော့ပါလားကွယ်။
ကိုယ်က လေနဲ့ မှုတ်ရင်..
မင်းက သစ်ရွက်လေးလို လွင့်ပါ..
မင်းသာ မိုးမင်းကြီးလို ပြိုဆင်းရင်
ကိုယ်က မြက်ခင်းကလေးလို စိုရမှာပေါ့
ကိုယ်တို့ ရာသီဥတုလေး မငိုစေရဘူးကွယ်။
တကယ်ဆို
သူ့ အလိုလိုဆိုတာထက်ကို
မပိုခဲ့ဘူးမလား
စိုဖြာချင်တဲ့ဒီရင်တွင်းမှာတော
့သတ်လို့ မသေတဲ့ဒီချစ်ခြင်း
မင်းအတွက်ထာဝရလင်းစေချင်တယ်ကွဲ့ ။
ကိုယ့် နှလုံးသားကို ကိုယ်
ညွတ်တွားခယရင်း
နှစ်ကိုယ်ကြား ရင်ခုန်သံမှာ
ဝပ်ဆင်းရှင်သန်ကြစို့လားကွယ်..
ကိုယ်တို့အချိန်တွေ ဖွဲဖွဲလေး ဖြတ်သန်းဖို့ပေါ့။
စိုစေတော့ ကိုယ့်ရဲ့ရင်ခုန်သံလေးရေ
တွေးတွေးလေးငေး
ဆွေးဆွေးလေးတွေး
ရေးရေးလေးမေးကြည့်တော့
မင်းမျက်ဝန်းလေးပဲငြိလာတယ်လို့ 
ကိုယ်ဆိုရင်
ပိုတယ်ပြောမလားကွယ်..။
(ကျွန်တော်တို့ မောင်နှမနှစ်ယောက် တတိယအကြိမ် ထပ်စပ်မိတဲ့ကဗျာလေးပါ)
ချစ်ခင်လေးစားလျှက်
လက်ဝဲ၊ဆုဂျေ
No comments:
Post a Comment