Sep 6, 2012

လူမှုယန္တရားဟာ နာရီလည်နှုန်းအတိုင်း ခင်ဗျားဆီ

ဝင်လာကတည်းက ခြေလှမ်းအမှားကြီးက
ဖယောင်းပုဆိုး အမှားကြီးပေါ်မှာ....
လေကို လေနဲ့ မှုတ်လိုက်တယ်
အံ့သြစရာ ကောင်းလောက်အောင်
မုန်တိုင်းတစ်ခု ထွက်ကျ လာတယ်။

ကြက်သီးမွှေးညှင်းတွေ ရွက် ထားတဲ့ ကျွန်တော့်ကို
အဓိပ္ပါယ်မရှိ ဝိုင်းထမ်းကြပြန်
ကျွန်တော့်မှာတော့ ဒုက္ခသည်တစ်ယောက်လို
ဝမ်းလျားထိုး ကောင်းကင်ကြီးအောက်မှာ
ပက်လက်ကလေး လန်လို့။

လိုအပ်ခြင်းနာရီတွေ ရပ်နေတယ်
ကိုယ်စီကိုယ်စီ ပြာယာခတ်နေကြပြန်တယ်
ကျွန်တော် လှမ်းအော်မယ်လုပ်တော့
ကျွန်တော့်ပါးစပ်ထဲက မုန်တိုင်း ထွက်လာတယ်
ကျွန်တော် ထ ထိုင်မယ် လုပ်တော့
ကျွန်တော့် နာရီ ရပ်သွားတယ်။   ။


လက်ဝဲ

No comments:

Post a Comment