Jan 29, 2014

မျှော်တော်ယောင် ဆုတောင်း

ချစ်လွန်းတစ်သက်၊ လွမ်းရက်ခါခါ
ရွှေရုပ်မျက်လွှာ၊ မော်ဖူးရာနိုး
မျှော်ကိုးစိတ်လျှင်၊ ရင်မှာ ခိုဆွဲ
တွေ့ခဲချိန်တို့ နီးစေသား။

သစ္စာခိုင်ခိုင်၊ မေတ္တာယိုင်၍
ပိုင်သ သူသို့၊ ချစ်ဖို့ရည်စူး
ကြည်နုးခါခါ၊ မပြောလာလဲ
ဆိုခဲစကား၊ မြဲစေသား။

ထိုချစ်ရသူ၊ သက်ဆုံးလူသည်
ဤကဗျာရှင်၊ အမောင်ကျွန်အား
သက်ထား အိမ်သူ၊ ကြည်ဖြူ နှင်းအပ်
ဆုံး ဘဝထက် တည်စေသား။

လက်ဝဲ

2 comments:

  1. ဆန္ဒတွေအားလုံး ပြည့်ဝပါစေကြောင်း
    မောင်ရင်းပမာ တောင်းဆုချွေပါ၏...

    အမသဒ္ဓါမှ...

    ReplyDelete
  2. please visit our blog.

    http://wunzinminraja.blogspot.sg/
    ဝန်ဇင်းမင်းရာဇာ

    ReplyDelete