- ကျွန်တော်ရယ် မောင်မိုးခိုက်ရယ် ကဗျာတစ်ပုဒ် တွဲ, က ဖြစ်တယ်။
ကဗျာဆိုတာ ဒိုင်ယာစီပင်လဲ ဖြစ်နိုင်
=================
ကဗျာဆိုတာ ဖြစ်ခြင်း ပျက်ခြင်းပဲ...
ကဗျာဆိုတာ လောက ဓမ္မပဲ....
နောက်.....
ကဗျာဆိုတာ စိတ်ပုတီးတစ်လုံးကျသံပဲ...
ချောက်....
ပြီးပြီ...
ဒါပဲ...
တစ်ခါထဲ ငြိမ်းချမ်းချင်ရင်လဲ
သဘောပဲ..
ကဗျာကတော့ ဒါပဲ...
ချောက်...
ချောက်
ကဗျာဆိုတာ ..
လူစည်ကားရာအရပ်မှာ
လုံးကြီးပေါက်လှလေး ကိုင်ဆောင်ထားတဲ့
အပ်ချိတ် တစ်ချောင်း....
ကုတ်ခြစ် ၊ ထုရိုက်တဲ့
ကုတ်တံ..
အံ့သြ၊ရင်နာ ၊ မျှော်လင့်ချက်တွေ
ထွေးထုတ်လိုက်တဲ့
ထွေးခံတစ်လုံး
ဗလာနယ်တစ်ခုကို မှင်ရည်ကျဲကျဲနဲ့ ထိုးဖောက်မယ့် ..
ဆူး(ညှောင့်) တစ်ချောင်း
နောက်ပြီး....
ဦးနှောက်မှာကပ်နေတဲ့
သည်းချေတစ်လုံး......
ချောက်
နောက်..
တစ်ချို့ကဗျာတွေမှာ
လုံးဝ
ပုဒ်မ မချဘူး..
ချောက်.......
လက်ဝဲ VS မောင်မိုးခိုက်
ကဗျာဆိုတာ ..
ReplyDeleteလူစည်ကားရာအရပ်မှာ
လုံးကြီးပေါက်လှလေး ကိုင်ဆောင်ထားတဲ့
အပ်ချိတ် တစ်ချောင်း....
ခစ်ခစ် ...တွေးတတ်ပါပေ့ လက်ဝဲရေ....
သဘောကျမိတယ်...နောက်ပြီးးးးးးးးး
ကဗျာဆိုတာ No.4 လဲဖြစ်နိုင်သေးတယ်....:P
အံ့သြ၊ရင်နာ ၊ မျှော်လင့်ချက်တွေ
ReplyDeleteထွေးထုတ်လိုက်တဲ့
ထွေးခံတစ်လုံး.
အချိန်အခါမရွေး အခြေအနေအရ ကိုယ့်ရဲ့နှလုံးသားထဲက
ဖြစ်လာခဲ့ရတဲ့ နှလုံးသွေးတွေ..
ကိုယ့်အတွက်တော့ ကိုယ့်နှလုံးသွေးတွေက သိပ်တန်ဖိုးရှိတယ်. ကိုယ့်ရဲ့အသက်ဝိညာဉ်ပဲ..
ခင်မင်လေးစားလျက်
သဒ္ဓါ