အိပ်မက်တွေ အများကြီး မက်ခဲ့တယ်
တစ်ခါတစ်လေများဆို
လန့်နိုးရမှာတောင် ရှက်လို့တဲ့
သူ့ည ရဲ့ မျက်နှာကျက်မှာ
သူ့ဟာသူ ကြယ်တက်လုပ်တယ်။
သူ့ရုပ် သူ့နာမ်နဲ့ သူ့တဒင်္ဂလေးတွေနဲ့
တွယ်ကပ်လိုက် လွင့်မျောလိုက်
သူ့ အခိုက်အတန့်လေးနဲ့သူ ပြောပြောဆိုဆို
သူ့ ရင်ဘတ်ဖနောင့်ပြတ်လေးကို သဲကြိုးလဲပြီး
မိုးထဲလေထဲမှာမှ ချစီးသွားတာ။
ခရီးတစ်လျှောက်လုံး ခေါက်ရိုးကျိုးခဲ့တာတောင်
ဖန်တီးမှု သက်သက်ကို မြတ်နိုးသတဲ့
ဝင်သက်မှာ တစ်ဖြတ်၊ ထွက်သက် မှာ တစ်ဖြတ်
နားနားကပ်ပြီး ပြောသွားတာ...
ဒါတောင်...။ ။
လက်ဝဲ
စာသားတွေဘယ်လိုများရသလဲလက်ဝဲရေ-----
ReplyDelete((သူ့ည ရဲ့ မျက်နှာကျက်မှာ
သူ့ဟာသူ ကြယ်တက်လုပ်တယ်))လှလိုက်တဲ့စကားလုံး
ကဗျာတွေဖတ်သွားတယ် လက်ဝဲရေ။
ReplyDeleteလူကသာငယ်တယ်ပညာကမငယ်ပါလားနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟားးးးးးးးးးးး ကောင်းလိုက်တာဗျာ ...
ReplyDelete[[ သူ့ အခိုက်အတန့်လေးနဲ့သူ ပြောပြောဆိုဆို
သူ့ ရင်ဘတ်ဖနောင့်ပြတ်လေးကို သဲကြိုးလဲပြီး
မိုးထဲလေထဲမှာမှ ချစီးသွားတာ။ ]]
ဖတ်ပြီးသွားချိန်မှာ စိတ်ထဲ ဘယ်လိုလေးမှန်းမသိဖြစ်ကျန်ခဲ့တယ်။ ....