Mar 5, 2012

ငါ့သမိုင်း

လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပိတ်ထားတဲ့
တံခါးတစ်ချပ်လား
ခင်ဗျား မျှော်လင့်ချက်ဆိုတာကို
ကိုးကွယ်ဖူးသလား။

သစ်ပင်တွေမြင်တိုင်း ကြွေကျရမှာ ကြောက်တယ်
တစ်ရှူးစ တွေမြင်ရင်
လူက အလိုလိုနေရင်း လွင့်ဝဲ သွားတတ်တယ်
ငါဟာ သိပ်ကို ပျော့ညံ့လွန်းလှပါတယ်ကွယ်။

ဘာတွေထုဆစ်ဖူးလဲ
ကိုယ်ဖန်တီးမှုတွေက ကိုယ့်ဆီကို
ဖုန်း ဘယ်နှစ်ခါ ပြန်ခေါ်ပြီလဲ (ထားတော့)
မနက်ဖြန် ငါ့ကို ဘာနက္ခတ် ဝင်စားမလဲ။

မသိဘူး
ငါ့သမိုင်းဆိုတာ
ငါ သေမှ ဖြစ်လာမှာ။    ။


လက်ဝဲ

3 comments:

  1. ကဗျာလေး လာဖတ်တယ် လက်ဝဲရေ

    ReplyDelete
  2. မျှော်လင့်ချက်ဆိုတာကို
    ကိုးကွယ်ဖူးသလား---မေးတော့လဲဖြေပေးရမယ်ပေါ့
    ကိုးကွယ်ဖူးတာပေါ့ခုထိပဲ ။
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. မေးခွန်းတွေထဲမှာ အခက်ဆုံးမေးခွန်းက ကိုယ့်ကိုယ်ကို မေးတဲ့ မေးခွန်းတဲ့။
    နောက်ပြီး
    အဖြေရအခက်ဆုံး ဘာသာရပ်က ကိုယ်ဘယ်လိုရေးမလဲဆိုတဲ့ သမိုင်းတဲ့။
    ဒီကဗျာဖတ်တော့ ဒီစာက ပိုပြီး အသက်ဝင်သွားတယ်။

    ReplyDelete