Apr 13, 2012

ကြယ်ကိုစွဲပြီး ကြွေတဲ့လူ

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲ
ဇာတ်လိုက်တွေက
ကြယ်တွေပဲ ဖြစ်သွားကြ...
သူတို့ ကြွေလွင့်မှုတွေ
လှ လို့  ပ လို့...။


မေမေရေ...
ပုံပြင်တွေကလဲ လင်းပြတယ်
သမိုင်းတွေကလဲ ကဆုန်ပေါက်ပြတယ်
သူတို့ ရာဇဝင်တွေက
သားရင်ဘတ်ကို တပ်လှန့်နေကြတယ်။

အိပ်မက်တွေ အလံတလူလူနဲ့
ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
တစ်ခေတ် တစ်ခါမှာ..
သားက...
လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

ကြေးစည်သံ ကြားတယ် မေမေ...
ရေအိုးခွဲသံ ငိုသံတွေထက်
ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
မကြားရမချင်း သားဝိဥာဉ်က
တစ်ညချင်း တစ်ညချင်း
ချနင်းသွားရမှာပဲ မေမေ..။


လက်ဝဲ

7 comments:

  1. လှလိုက်တာ ...
    ``ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
    ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
    တစ်ခေတ် တစ်ခါမှာ..
    သားက...
    လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။´´

    အဲဒီနေရာလေး အကြိုက်ဆုံးပဲဗျ။ ဖတ်ခွင့်ရဖို့ ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးပါ ကဗျာဆရာရေ..

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    ReplyDelete
  2. "ရေအိုးခွဲသံ ငိုသံတွေထက်
    ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
    မကြားရမချင်း သားဝိဥာဉ်က
    တစ်ညချင်း တစ်ညချင်း..."
    ကဗျာခေါင်းစဉ်ကစလို့ တစ်ပုဒ်လုံး ပစ်ရက်စရာ မရှိတဲ့ အနှစ်ပြည့် စကားလုံးတွေပါပဲ။ တစ်လုံးချင်း၊ တစ်ကြောင်းချင်းကို သေချာ ဖတ်ခဲ့ကြောင်းပါ ခင်ဗျ။

    ReplyDelete
  3. ကဗျာလေးက ကောင်းတယ် လက်ဝဲရေ

    ReplyDelete
  4. ကြေးစည်သံ ကြားတယ် မေမေ...
    ရေအိုးခွဲသံ ငိုသံတွေထက်
    ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
    မကြားရမချင်း သားဝိဥာဉ်က
    တစ်ညချင်း တစ်ညချင်း
    ချနင်းသွားရမှာပဲ မေမေ..like....ကောင်းတယ်ကွာ...အားပေးသွားတယ်...။

    ReplyDelete
  5. ကြေးစည်သံ ကြားတယ် မေမေ...
    ရေအိုးခွဲသံ ငိုသံတွေထက်
    ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
    မကြားရမချင်း သားဝိဥာဉ်က
    တစ်ညချင်း တစ်ညချင်း
    ချနင်းသွားရမှာပဲ မေမေ..like....ကောင်းတယ်ကွာ...အားပေးသွားတယ်...။

    ReplyDelete
  6. ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
    ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
    တစ်ခေတ် တစ်ခါမှာ..
    သားက...
    လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

    လူအပီသဆုံး ဆန္ဒလေးပါပဲ။ သဘောကျမိတယ်။

    ReplyDelete