May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

2 comments:

  1. စာလာဖတ်သွားပါတယ် အမတ်ကြီးရေ...
    လူငယ်ဆိုတော့ ရုပ်မရင့်ရအောင်
    ပလပ်စတစ် ဆာဂျရီ ပြုလုပ်သင့်ပါကြောင်းပါ ...

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete