Dec 13, 2012

ဥပေက္ခာမိုး

ရုပ်ဆိုးပန်းဆိုးနဲ့ မိုးက အငြိုးနဲ့ ရွာတယ်
ငါ့မှာ ခိုလုံရာမဲ့ ရွှဲနစ်ခဲ့
ဒဏ်ရာနဲ့ လုံးလားထွေးလား ငါ့ရင်အုံ
အဆုံးက အစ ဖြစ်လိုဖြစ်
အဖြစ်က ဆုံးလိုဆုံးနဲ့
ငါ့မှာ ကြယ်တွေ တရုန်းရုန်းနဲ့ မပျော်နိုင်ခဲ့
လေလွင့်သူရဲ့ည။

လက်ရေး လက်သား မညီညာတဲ့ စီကာ စဉ်ကာ ညနေထဲ
အဲဒီမိုးက သည်းပြန်တယ်
ယုံကြည်စရာ ကောင်းတဲ့ တိမ်တိုက်တွေထဲ
မယုံကြည်စရာ သူစိမ်းဆန်ဆန် ညနေ
ကလေးရယ်...
ဘဝဟာ ဒီတိုင်းပဲ
အစိမ်းရင့်ရင့် လည်ပတ်ဆဲ
ရင်ထဲမှာ မိုးသည်းနေခဲ့ပြီ။

လက်ဝဲ

2 comments:

  1. အဆုံးက အစ ဖြစ်လိုဖြစ်
    အဖြစ်က ဆုံးလိုဆုံးနဲ့
    ငါ့မှာ ကြယ်တွေ တရုန်းရုန်းနဲ့ မပျော်နိုင်ခဲ့
    လေလွင့်သူရဲ့ည.....

    မှန်လိုက်လေ....ခုတလော မိမိုးနတ်တစ်ယောက်
    အိပ်မပျော်နိုင်ရတဲ့ အကြောင်းအရင်းကို ခုမှသိပြီ..
    အရေးအဖွဲ့လေး သိပ်ကောင်းတယ်လက်ဝဲရေ....
    မင်းကို အမြဲအားပေးလျက်ပါနော်...
    ခင်တဲ့ မိုးနတ်

    ReplyDelete
  2. ဟေ့..
    မိုးသည်းရင် ဆောင်းရဲရမယ်.............

    အမသဒ္ဓါ

    ReplyDelete