May 14, 2013

ခိုနားရာ

ညနေလှလှလေးတွေဆို
နင့်နင့်သီးသီး စူးဝင်နေတဲ့
ခံစားချက်တွေ ငိုတယ်
တိမ်ရောင် နီစိုစိုလေးတွေလဲ
...
တဖွဲဖွဲ ပြိုအိ ညွတ်ဆင်း
လွမ်းဆွတ်ခြင်းတွေ
ရင်ပြင်တစ်ခုလုံးမှာ
ဖြန့်ခင်းထားလိုက်တယ်။

ဘတ်စ်ကား ပြတင်းပေါက်လေးကနေ
ချေင်းချောင်းကြည့်တတ်တုန်းပဲကွယ်
မှတ်တိုင်ရှေ့ ပလပ်ဖောင်းစွန်းလေးမှာ
ခြေစုံရပ် လက်ပြနှုတ်ဆက်မဲ့သူ မရှိဘူး
ကျွန်တော့် အာရုံ အလီလီ တို့က
အဲ့ဒီနေရာမှာ ငြီးစီစီကြီး ရပ်ကျန်နေခဲ့
အဲ့ဒီလို ပလပ်ဖောင်းစွန်းမှာ ကျွန်တော် ရပ်ကျန်နေရင်း
ဘတ်စကားပေါ်မှာ အသက်မဲ့စွာ ကျွန်တော် ပါသွားရင်း
ကျွန်တော် ပြင်းရှရှ သတိရလိုက်တယ်။

မျက်လုံးလေး မှိတ်ထားရင် သူ့ကို မြင်တယ်
မျက်လုံးလေး ပြန်ဖွင့်လိုက်တော့
သူ့ကို တခုတ်တရ လွမ်းမိသွားရော..
ဒီလိုနဲ့ ကျွန်တော်
အုတ်အရောရော ကျောက်အရောရော
သူနဲ့ စီးမျောမိပါလေရော။

စကားတွေ အများကြီး ပြန်ကြားတယ်
နက်မှောင် ယဉ်ကျေးတဲ့ ဆံပင်ရှည်လေးကို ပြန်တွေ့တယ်
ထီးအပြာလေးအောက်ကို ပြန်ရောက်တယ်
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအိမ်စိုစိုလေးကို ပြန်မြင်တယ်
အို.. မငိုပါနဲ့ ကွယ်... လို့...
အဲလိုနဲ့ ကျွန်တော်..
မျက်ရည် ကျမိပြန်ရော။

လက်အစုံတို့နဲ့ ကျွန်တော့် ဘဝကို
ယူငင်ခေါ်ဆောင်ပါ
ကျွန်တော် လေးမြတ်ကြည်စင်ရတဲ့ သူကလေးရယ်
ကျွန်တော့် ညတိုင်း
ကျွန်တော့် နေ့တိုင်း
ကိုင်းညွတ် ရိုသေ ပါရစေကွယ်။
လက်ဝဲ

1 comment:

  1. ညနေလှလှလေးတွေဆို
    နင့်နင့်သီးသီး စူးဝင်နေတဲ့
    ခံစားချက်တွေ ငိုတယ်..

    အဲ့  စာသားလေး အရမ်း ကြိုက်တယ်

    ReplyDelete