Jun 2, 2013

~ သူမ ~


ကျွန်တော်ဟာ 
သူမ စောင့်နားထောင်တတ်တဲ့
ခေါင်းလောင်းသံမျိုးစိတ်တစ်ခုပေါ့

သူမကတော့
ကျွန်တော် အချိန်မှန် တီးခတ်မိတဲ့
ခေါင်းလောင်းကလေး တစ်ခုဖြစ်နေပြန်

ကျွန်တော်တို့
အပြန်အလှန်
ဝေစီဖူးပွင့်ခဲ့ကြ

တစ်ယောက်ရဲ့ညကို
တစ်ယောက်က
ဖွင့်ဖောက်စားသုံးကြ..

တစ်ယောက်ရဲ့ နှဲသံကို
တစ်ယောက်က ဖေးမလို့
အပြန်အလှန်
လင်းချင်းတောက်ပ

ကျွန်တော်တို့ သွေးချင်းသားချင်းနီးခဲ့ကြ
သက်ဝင်ခံစားသမျှဟာ
ကျွန်တော်နဲ့ သူမရဲ့ကြားက
နီးစပ် ကျွမ်းဝင်တဲ့ စိတ်ဓါတ်ဖြစ်တယ်

သူမ ကျွန်တော့်ကို
စောင့်တယ်..
ကျွန်တော် သူမဆီ
ရောက်အောင် သွားလိုက်တယ်
ဒါပါပဲ။ ။



-လက်ဝဲ-

2 comments:

  1. သူမအကြောင်း ကဗျာ နောက်ထပ်တစ်ပုဒ်လောက် ဖတ်ချင်တယ် :P

    ReplyDelete
  2. Water She :D

    ReplyDelete