သံဝေဂ ဆန်တဲ့ လက်ဖျားလေးတွေနဲ့
ကိုယ့်မွေးနေ့ကိုယ် ပြန်ပြန် စမ်းတယ်
ညညဆိုလဲ ယောင်ယောင်ပြီးတော့ နမ်းတယ်
ပြန်မလာဘူး ဆိုပေမယ့် တောင်ပံကျိုးလေး
ဆေးထည့်ပေးဖူးတဲ့ ငှက်ကို
မပြောမဆို လွမ်းတယ်
အဓိပ္ပါယ် မဲ့တယ်ဆိုပေမယ့် လှေနံဘေးကို
ခြေတန်းလန်းချပြီး ရမ်းတယ်။
ဒီရုပ်ဒီနာမ် ဒီခန္ဓာ
ငါ့ဇာတိနဲ့ မရဏ အတွင်းက အကြားအလပ်ကာလလေးကို
ငါ့ဘာသာငါ ဝမ်းနည်းနေပြန်ပါတယ်
ဇရာကို ဘယ်သွားထားရမလဲ (ဗျာများဖူးတယ်)
ဝမ်းသာ အယ်လဲ ဘယ်နေရာက လက်ခံမလဲ (သိမ်ငယ်တယ်)
မရပ်တန့်ဘူးလို့ နာရီတွေ က့ ဖြဲခြောက်နေသလိုပဲ (ကြောက်တယ်)။
ခပ်စောစောလေး မိုးချုပ်လိုက်မယ်လေ
ဘယ်စမ်းရေမှာပဲ ပဋိသန္ဓေ နေရ နေရ။ ။
လက်ဝဲ
ဒီရုပ်ဒီနာမ် ဒီခန္ဓာ
ReplyDeleteငါ့ဇာတိနဲ့ မရဏ အတွင်းက အကြားအလပ်ကာလလေးကို
ငါ့ဘာသာငါ ဝမ်းနည်းနေပြန်ပါတယ်... ၊
ကိုယ့်ကိုယ်ကို အဲ့ဒီလို ပြန်မေးဖူးတယ်။
အဲ့ဒီလိုလည်း ခံစားရဘူးတယ်။
ဖြစ်တတ်တဲ့အကြောင်းတွေကို ရေးထားတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။
ဇရာကို ဘယ်သွားထားရမလဲ------တဲ့လား
ReplyDeleteနတ်နတ်ရေ
တဖြေးဖြေးနဲ့ရောက်လို့လာတယ်လေ
ဘယ်မှ သွားထားလို့မရဘူးဖြစ်နေတယ်
ခင်မင်တဲ့ sis jasmine
ငါ့ဇာတိနဲ့ မရဏ အတွင်းက အကြားအလပ်ကာလလေးကို
ReplyDeleteငါ့ဘာသာငါ ဝမ်းနည်းနေပြန်ပါတယ်
ဇရာကို ဘယ်သွားထားရမလဲ (ဗျာများဖူးတယ်)
ဝမ်းသာ အယ်လဲ ဘယ်နေရာက လက်ခံမလဲ (သိမ်ငယ်တယ်)
ကောင်းလိုက်တဲ့ စာသားတွေ