Feb 15, 2013

နဂါးငွေ့တန်းလို ခဏလေး ငါ .. - မောင်မိုးခိုက်

ူငယ်ချင်း မောင်မိုးခိုက် ရေးတဲ့ကဗျာကို ဆရာဟန်ညွန့် ဘာသာပြန်တယ်။ 

နဂါးငွေ့တန်းလို ခဏလေး ငါ ...

ရိုက်ခွာမရလို့ ပေါင်းသင်းနေရတဲ့
ရုပ်နဲ့နာမ်ကြီးက
တစ်ယောက်နဲ့တစ်ယောက် တံတွေးတဖွီဖွီနဲ့…
ဒီကြားထဲ
ဦးနှောက်ဖောက်စားတဲ့ ပင့်ကူလဲ
သက်ရှိသဘာဝအလျှောက် သေရမှာတော့
ကြောက်တာပဲတဲ့……။

ပစ္စည်းခိုးလို့ ရဲစခန်းရှေ့
ဖြတ်မလျှောက်ရဲတဲ့ အဖြစ်မျိုး
မနှစ်မြို့လို့ ထွေးထုတ်လိုက်တော့
မီးတောင်တွေပေါက်သွားရော….။

ခတ်ကျွဲပဲ ချိုချက်တော့ဘယ်ကင်းမလဲတဲ့
ဓါးဒဏ်ရာအမျိုးမျိုးနဲ့ ချောင်ထိုးခံရတဲ့
ဒိုင်းတစ်လက် အတွက်ရယ်စရာပြကွက်ပါပဲ ..။

မင်းရဲ့ ..
အနီရောင် ၊အ၀ါရောင်သန်းနေတဲ့စကားလုံးတွေ
ငါ့ရှေ့မှာခြွေချ
နင်းလျှောက်သွားရုံမှအပ
ငါ့အတွက် …သုံးလို့မရဘူး….။

ခဏလေးပါ…..ခဏလေးပါ
တိမ်လိုလို မီးခိုးလိုလို ခဏလေးပါဘဲ
ငါ့လို နဂါးငွေ့တန်းတစ်ကောင် အတွက်
ကြက်ခြေခတ်ချင်ယုံသက်သက်နဲ့တော့
အချိန်ကုန်မခံပါနဲ့။


မောင်မိုးခိုက် 

Just a Monent, Like a Galaxy, I...

Striking to part, but staying two parts
body and heart, mind and thus.
There is saliva to two hearts.

Still . . .
spider takes the brain of thus . .
was afraid to dead of love
as a living love(life).

Stealing things and walking feels
in front of the police team
may be spitting unwanted things
as explosive feels of volcano feel.

There is no choice to choose
no sore bull and so many cut of blue
that because of backing team
And for the shield is funny thing.

Your . .
words of yellow and reddish talks
our . .
walks of stepping cause
it's useless job.

Moment, just moment
as smoke and cloud take a mount
for my Galaxy way
it's just crossing tales
so don't take me for your pay.

Translated by Han Nyunt

3 comments:

  1. လက်ဝဲသယ်ရင်းက အင်္ဂလိပ်လိုရေးတာလားးး
    ဟုတ်လားးးးးးးးး အင်းးးးးးးးး
    မြန်မာပြန်ထားပေမဲ့ မိုးနတ်သိပ်ပြီးမဝေဖန်တတ်ဘူးးးးး
    ဘာလို့လဲ မသိဘူးးးးးးးးးးး
    နောက်တစ်ခေါက် ပြန်ဖတ်ကြည့်မှ နားလည်သလိုလိုရှိတယ်..

    ReplyDelete
  2. အနော့သူငယ်ချင်းက မြန်မာလိုရေးတာ ဆရာဟန်ညွန့်က အင်္ဂလိပ်လို ဘာသာပြန်တာ.. အမမိုးနတ်.. :)

    ReplyDelete
  3. ကဗျာဆရာ မောင်မိုးခိုက်သို့..
    ကဗျာလေးဖတ်ရင်း ကိုယ်တိုင်လည်း နဂါးငွေ့တန်းလို လွင့်မျောလို့.
    အဲဒိနဂါးငွေ့တန်းမှာ ရုပ်နာမ်ကြီးတွဲလို့ ကိုယ့်ဦးနှောက် ကိုယ်ထမ်းပိုးလို့
    တခါတရံ ဒဏ်ရာဒဏ်ချက် အမျိုးမျိုးနဲ့ ချောင်ထိုးခံရ..
    ရောင်စုံခြေလှမ်းတွေ. စကားလုံးတွေ နဲ့ နင်းလျှောက်ခံရ ပေမယ့်
    ကိုယ့် ယုံကြည်ချက်သစ္စာတရားက ကိုယ့်ရဲ့ ဒိုင်းအဖြစ် ကာရံလို့
    နဂါးငွေ့တန်းလေးကတော့ လှပသက်ဝင်စွာ ရွေ့လျားမြဲပါပဲလေ.........

    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete