Feb 17, 2013

ကဗျာဆိုတာ ဒိုင်ယာစီပင် လဲ ဖြစ်နိုင်

  • ကျွန်တော်ရယ် မောင်မိုးခိုက်ရယ် ကဗျာတစ်ပုဒ် တွဲ, က ဖြစ်တယ်။


ကဗျာဆိုတာ ဒိုင်ယာစီပင်လဲ ဖြစ်နိုင်
=================

ကဗျာဆိုတာ ဖြစ်ခြင်း ပျက်ခြင်းပဲ...
ကဗျာဆိုတာ လောက ဓမ္မပဲ....
နောက်.....
ကဗျာဆိုတာ စိတ်ပုတီးတစ်လုံးကျသံပဲ...

ချောက်....
ပြီးပြီ...
ဒါပဲ...

တစ်ခါထဲ ငြိမ်းချမ်းချင်ရင်လဲ
သဘောပဲ..
ကဗျာကတော့ ဒါပဲ...
ချောက်...



ချောက်

ကဗျာဆိုတာ ..
လူစည်ကားရာအရပ်မှာ
လုံးကြီးပေါက်လှလေး ကိုင်ဆောင်ထားတဲ့
အပ်ချိတ် တစ်ချောင်း....

ကုတ်ခြစ် ၊ ထုရိုက်တဲ့
ကုတ်တံ..

အံ့သြ၊ရင်နာ ၊ မျှော်လင့်ချက်တွေ
ထွေးထုတ်လိုက်တဲ့
ထွေးခံတစ်လုံး

ဗလာနယ်တစ်ခုကို မှင်ရည်ကျဲကျဲနဲ့ ထိုးဖောက်မယ့် ..
ဆူး(ညှောင့်) တစ်ချောင်း

နောက်ပြီး....
ဦးနှောက်မှာကပ်နေတဲ့
သည်းချေတစ်လုံး......

ချောက်

နောက်..
တစ်ချို့ကဗျာတွေမှာ
လုံးဝ
ပုဒ်မ မချဘူး..

ချောက်.......


လက်ဝဲ VS မောင်မိုးခိုက်

2 comments:

  1. ကဗျာဆိုတာ ..
    လူစည်ကားရာအရပ်မှာ
    လုံးကြီးပေါက်လှလေး ကိုင်ဆောင်ထားတဲ့
    အပ်ချိတ် တစ်ချောင်း....

    ခစ်ခစ် ...တွေးတတ်ပါပေ့ လက်ဝဲရေ....
    သဘောကျမိတယ်...နောက်ပြီးးးးးးးးး
    ကဗျာဆိုတာ No.4 လဲဖြစ်နိုင်သေးတယ်....:P

    ReplyDelete
  2. အံ့သြ၊ရင်နာ ၊ မျှော်လင့်ချက်တွေ
    ထွေးထုတ်လိုက်တဲ့
    ထွေးခံတစ်လုံး.

    အချိန်အခါမရွေး အခြေအနေအရ ကိုယ့်ရဲ့နှလုံးသားထဲက
    ဖြစ်လာခဲ့ရတဲ့ နှလုံးသွေးတွေ..
    ကိုယ့်အတွက်တော့ ကိုယ့်နှလုံးသွေးတွေက သိပ်တန်ဖိုးရှိတယ်. ကိုယ့်ရဲ့အသက်ဝိညာဉ်ပဲ..
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete