Apr 5, 2013

ပန်းဦးသစ္စာ ကမ္ဘာတည်စေ

ထက်မြသော ဓါးအစင်းစင်းတို့သည်
ငါ့ရင်၌ နိမ့်လိုက်မြင့်လိုက်
လှိုက်ဖိုစွာ.. ရှအက်ကြေကွဲကြလေသည်။

ငါသည် ထိုအက်ကွဲကြောင်းများမှ ပေါက်ဖွားသော
သူမ၏ ရင်ခုန်သံ အထူအပါးတို့အား
သိမ်မွေ့ ယုယစွာ ဖက်တွယ်ပိုက်ထွေး၏။

သူမသည် ငါ့ရင်၌
ကလေးငယ် တစ်ဦးလိုလည်း အိပ်စက်၏။
ကချေသည် တစ်ဦးလိုလည်း ကခုန်၏။
မိုးဥတု တစ်ရာသီလိုလဲ ရွာသွန်း၏။

အသက်သည်
သူမ၌ တည်၏
ဘဝသည်
သူမ၌ သံသရာလည်၏
ညသည်
သူမ၌ အိတ်စက်၏
နေ့သည်
သူမ၌ နိုးထ၏။

ဤမှန်သော သစ္စာစကားကြောင့်
မွှေးပျံ့ ကြည်စင်ကြသော
ပန်းလှလှပေါင်းများစွာတို့
ငါချစ်သော သူမ၏ အနံ့အာရုံ၌
ထာဝရ တည်ပါစေသား။

 
လက်ဝဲ

4 comments:

  1. တည်နိုင်ရင်တော့.........

    ReplyDelete
  2. ဧတေနသစ္စ၀ဇ္ဖေန

    ReplyDelete
  3. သူမသည်ငါ့ရင်၌
    ကလေးငယ်တစ်ဦးလိုလည်းအိပ်စက်၏။
    ကချေသည်တစ်ဦးလိုလည်းကခုန်၏။
    မိုးဥတုတစ်ရာသီလိုလည်းရွာသွန်း၏။

    (y)(y)
    A Day

    ReplyDelete
  4. အသက်သည်
    သူမ၌ တည်၏
    ဘဝသည်
    သူမ၌ သံသရာလည်၏
    ညသည်
    သူမ၌ အိတ်စက်၏
    နေ့သည်
    သူမ၌ နိုးထ၏။ ....

    ReplyDelete