Jul 8, 2013

တနင်္ဂနွေ

ဘယ်ပြောကောင်းမလဲ..
ကျွန်တော်ဆိုတာ...
တစ်မိုးတွင်းလုံးစာ..
ကွက်ကျားမိုး အရွာခံလိုက်ရတဲ့
မိုးခေါင်ရေရှားကောင် တစ်ကောင်တဲ့.
ကျိုးကျဲတောက်ဝါ နေရောင်ဖြာ မလင်းလည်း
ကိုယ့် တံစက်မြိတ်ထဲ..
မိုးဖွဲဖွဲလေး လာမှီအိပ်နေတယ်..
အပြုံးစက်လက်ကလေးက ပြတင်းမှာခို..
ဒီတစ်ရက်လုံး...
ရင်ကို ရင်ချင်း စို.. ခဲ့.. ကြ... တယ်..။

 
လက်ဝဲ

No comments:

Post a Comment